တခါက တောရွာတရွာမှာ လယ်သမားကြီး တစ်ယောက်ရှိတယ်။ သူဟာအလွန်သဘောကောင်းပြီး ဖော်ရွေတတ်တယ်။ နောက်ပြီး သံယောဇဉ်လဲကြီးတယ်။တနေ့မှာ သူအရမ်းတန်ဖိုးထားတဲ့ နာရီလေးဟာ စပါးကျီတွေထားရင်း နွားတင်းကုတ်ထဲမှာ ကျပျောက်သွားတယ်။ နာရီက တန်ဖိုးမရှိလှပေမယ့် နှစ်ပေါင်းများစွာ ဝတ်ဆင်လာခဲ့တာဖြစ်တော့ သူ့မှာယူကျုံးမရဖြစ်ရတယ်။ ဒါ့ကြောင့် ပျောက်ဆုံးသွားတဲ့နာရီလေးကို တွေ့ဖို့တနေကုန်ရှာဖွေခဲ့တယ်။ သူဘယ်လိုပဲ ရှာဖွေပေမယ့် အဲဒီနာရီကို ပြန်မတွေ့ရဘူး။
ဒီလိုနဲ့ ညနေရောက်တဲ့အခါ ကလေးငယ်တွေဟာ တင်းကုပ်ဘေးမှာ လာပြီး ဆော့ကစားကြတယ်။ ကလေးတွေရဲ့အသံကိုကြားလိုက်တဲ့အခါ အကြံတခုရသွားတယ်။သူတယောက်ထဲရှာတာထက်စာရင် လူတွေအများကြီးနဲ့ ရှာရင်တွေ့ဖို့အခွင့်အလန်း ပိုများမယ်ပေါ့။ ဒီလိုတွေးမိပြီး ကလေးငယ်တွေကို ခေါ်ပြီး အကျိုးအကြောင်းပြောပြလိုက်တယ်။ နာရီတွေ့တဲ့သူကို ထိုက်ထိုက်တန်တန်ဆုချမယ်လို့ မက်လုံးပေးလိုက်တယ်။ ဆုချမယ်လည်းသိရော ကလေးတသိုက်ဟာ "ဟေး"ကနဲအော်ပြီး ဝမ်းသာအားရ လိုက်ရှာကြတယ်။
ကဗျာများ၊ရသစာပေများအား ကြိုးစား၍ ရေးကြည့်ပါဦးမည်။ အမှားအယွင်းပါဝင်ပါက ကြိုတင်၍ တောင်းပန်အပ်ပါသည်။ စာဖတ်ပရိသတ်များအား အစဉ်လေးစားလျက် (ယုံကြည်ချက်ရှိရှိ တစ်မိနစ်နေထိုင်ရခြင်းက ယုံကြည်ချက်မဲ့တစ်ဘဝ နေထိုင်ရခြင်းထက် ပို၍ကောင်းသည်။)
Showing posts with label စိတ်ဓာတ်ခွန်အား. Show all posts
Showing posts with label စိတ်ဓာတ်ခွန်အား. Show all posts
Saturday, September 28, 2013
Wednesday, September 18, 2013
ဒေါသထွက်တဲ့အခါတိုင်း ဒီစာလေးကို သတိရပါ
တခါက အလွန်ဒေါသထွက်လွယ်ပြီး စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ ဒေါသထွက်တတ်တာကြောင့် အမှားအယွင်းတွေလည်း မကြာခဏကျူးလွန်တတ်တယ်။ ဒီလိုနဲ့တနေ့မှာ ဖခင်ဖြစ်သူက အဲဒီကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်နဲ့ တူတစ်ချောင်း ပေးခဲ့တယ်။
"ငါ့သား မင်းဟာ သူများနဲ့မတူအောင် အရမ်းစိတ်ဆတ်၊စိတ်တိုလွယ်တယ်။ ဒီတော့ မင်းစိတ်ကို ထိန်းနိုင်ဖို့ ဟောဒီသံနဲ့ တူကို ယူထားပါ။ မင်းစိတ်ဆိုး ဒေါသထွက်တဲ့အခါတိုင်း အိမ်ရှေ့က ခြံစီးရိုးပေါ်မှာ ဟောဒီသံရိုက်ပြီး ဖြေဖျောက်ကြည့်ပါ။ မင်းဘယ်လောက်ဒေါသထွက်လွယ်တယ်ဆိုတာ အဲဒီသံချောင်းတွေက အဖြေပဲ။ မကြာခင်မှာ မင်းဒေါသတွေ တဖြည်းဖြည်း လျှော့နည်းလာပါလိမ့်မယ်"
Subscribe to:
Posts (Atom)