တခါက သားသမီးအရူးအမူး လိုချင်တဲ့ လင်မယားနှစ်ယောက် ရှိခဲ့တယ်။ သူတို့ဟာ အသက်ကြီးမှ အိမ်ထောင်ကျတော့ သားသမီးရတနာလေး တစ်ယောက်လောက်ရရင်ကောင်းမှာပဲလို့ တွေးခဲ့မိကြတယ်။ ကံကြမ္မာက သူတို့နှစ်ယောက်ကို မျက်နှာသာပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့သိပ်လိုချင်ခဲ့တဲ့ ကိုယ်ဝန်ရှိလာခဲ့တယ်။ ဒီလိုနဲ့ ဆေးရုံတစ်ခုမှာ သူ့ရဲ့ သားရတနာလေးကို မွေးဖွားခဲ့တယ်။ အသက်ကြီးတာအပြင် နှလုံးရောဂါအခံရှိတာကြောင့် ကလေးငယ်ကို ခွဲပြီး မွေးဖွားခဲ့ရတယ်။ မွေးဖွားပြီးစအမေဖြစ်သူဟာ အားအင်ကုန်ခန်းတဲ့ကြားထဲက သူ့ရဲ့သားဖြစ်သူရဲ့မျက်နှာကို မြင်ချင်ခဲ့တယ်။သူ့မှာ ဒီလိုနေ့မျိုး စောင့်နေခဲ့တာ ကြာပြီမဟုတ်လား။
"ကျွန်မ သားလေးကို ကြည့်လို့ ရမလားရှင်"
အသစ်စက်စက်မိခင်ဖြစ်သူက မွေးဖွားပေးသော ဆရာဝန်ဖြစ်သူအား ကြည့်ရင်း မေးလိုက်သည်။ ဆရာဝန်ဖြစ်သူက ဖြေးညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ကလေးငယ်ကို အနှီးထုပ်နေသော သူနာပြုဆရာမဖြစ်သူအား တချက်လှမ်းကြည့်လိုက်သည်။ ဆရာမက အလိုက်သတိ သူ့လက်ထဲမှာ ပိုက်ထွေးထားသော ကလေးငယ်အား မိခင်လက်ထဲသို့ ထည့်ပေးလိုက်သည်။ မိခင်က ထုပ်ပိုးထားသော အနှီးကလေးကို တယုတရပိုက်ထွေးလျက် ကလေးငယ်၏ မျက်နှာကို ချစ်ခင်စွာ တချက်ကြည့်လိုက်သည်။ ထိုနောက် မိခင်က ကလေးငယ်အား နမ်းရှုပ်ဖို့ ပါးတွင်ဖုံးအုပ်နေသော အနှီးကလေးအား