Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Saturday, February 14, 2015

နေရာမှန်ပြန်ယူ မန်ယူ

• ဇယားထိပ်မှာ ချဲလ်ဆီး
• မန်စီးတီးက ဒုတိယ
• တတိယက အံ့သြစရာ
• မန်ချက်စတာက အဆင့်လေး
• ရင်လေးစရာ တွေ့ရ

Sunday, June 29, 2014

အမေသို့

အမေ့အသက် ခြောက်ဆယ်ကျော်ခဲ့ပြီပေါ့နော်
အခုဆို သားတို့ကို ကျွေးမွေးခဲ့တာ
နှစ်နှစ်ဆယ် ကျော်ခဲ့ပါပြီ
အမေ့ကျေးဇူးကို ဒီနေ့ထိ 
တရက်မှ မမေ့နိုင်ခဲ့တာ အသေအချာပါ

ငယ်စဉ်တောင်ကျေး
ကလေးဘဝထဲက ကျွေးမွေးစောင့်ရှောက်
ပြုပြင်ပေးခဲ့တာ အမေပါဗျာ
သိတာတခုက အခုရွယ်ထိ အမေ့ကျေးဇူး 
ဘာတခုမှကောင်းကောင်း 
မပေးဆပ်နိုင်သေးတာပဲအမေ

Friday, August 23, 2013

ဘဝတစ်ခုသို့ သမင်လည်ပြန်

ငါ့အသက် နှစ်ဆယ့်ခြောက်
ပြည့်ပြန်ပေါ့ နောက်တခါ
ဒီနှစ်မှာ တွေးစရာ
ပေါ်လာတာ တခုကြောင့်
ရေးသားခဲ့ ကဗျာလေး

ဝါခေါင်လ မိုးဖြိုင်ဖြိုင်
မန္တလေးဆေးရုံတွင်းဝယ်
မွေးဖွားခဲ့ကလေးငယ်ကို
ပရော်ဖက်ဆာ ဒေါ်မြမြနဲ့
ထူးခြားချက် အမှတ်လေးကြောင့်
ယူဆတာ လူဝင်စားတဲ့
သိခဲ့ရ နောင်ခါဝယ်
ဆေးပညာအခေါ်အဝေါ်နဲ့
Mongoloid spotဆိုပဲ