Friday, August 23, 2013

ဘဝတစ်ခုသို့ သမင်လည်ပြန်

ငါ့အသက် နှစ်ဆယ့်ခြောက်
ပြည့်ပြန်ပေါ့ နောက်တခါ
ဒီနှစ်မှာ တွေးစရာ
ပေါ်လာတာ တခုကြောင့်
ရေးသားခဲ့ ကဗျာလေး

ဝါခေါင်လ မိုးဖြိုင်ဖြိုင်
မန္တလေးဆေးရုံတွင်းဝယ်
မွေးဖွားခဲ့ကလေးငယ်ကို
ပရော်ဖက်ဆာ ဒေါ်မြမြနဲ့
ထူးခြားချက် အမှတ်လေးကြောင့်
ယူဆတာ လူဝင်စားတဲ့
သိခဲ့ရ နောင်ခါဝယ်
ဆေးပညာအခေါ်အဝေါ်နဲ့
Mongoloid spotဆိုပဲ